ဒီနေ့မှာတွေ event တွေ ကို မတက်ဖြစ်တာပေမဲ့ virtual learning လုပ်ခဲ့ရတဲ့ Agile Human Resources အကြောင်းလေးတွေ share ချင်ပါတယ်။
ငယ်ငယ်တုန်းက ထင်ထားခဲ့တာက စာတွေသင် ပြီးရင်တော့ ဘဝအတွက် အာမခံချက်ရှိတဲ့ အလုပ်တွေကိုဝင်မှ သား၊သမီးတွေအထိ stableဖြစ်တဲ့ ဝင်ငွေရနိုင်မှာလို့ အသင်ခံခဲ့ရပါတယ်။
အခုခတ်မှာတော့ဒါတွေက လက်တွေ့နဲ့ အံဝင်ခွင်ကျ မဟုတ်တော့ပါဘူး။
အခုလိုမျိုး Pandemic Desiease တွေ၊ Global Warming၊ Globalization နဲ့ မတူတဲ့ Generation တွေကြား ဒီနေ့ဘာဖြစ်မယ်၊ မနက်ဖြန်၊ နောက် ၅နှစ်နေဘာဖြစ်မယ် မသေချာတဲ့အချိန်ကြီးမှာ လုပ်ငန်းခွင်ရေရှည်တည်မြဲဖို့ခက်ပါတယ်။ လုပ်ငန်းခွင်တွေကို လူတွေကဦးဆောင်နေကြတော့ Human Resources တွေအတွက် ဘယ်လိုပြင်စဥ်ထားကြမလဲ။ Agile ဆိုတဲ့စကားလုံးလေးက အရမ်းကိုအရေးပါပါတယ်။ အရေးကြုံရင် လျှင်မြန်စွာ တုံန့်ပြန်နိုင်ဖို့ အတွက် Agile ဖြစ်ဖို့အရေးကြီးပါတယ်။
Technology တွေတိုးတက်လာတဲ့နဲ့အမျှ ပုံမှန်ဖြစ်စဥ်တွေလုပ်ငန်းတွေကို အစားထိုးလာပြီး အချို့အလုပ်တွေကတဖြည်းဖြည်း ပျောက်ကွယ်လာမှာပါ။ အောက်ကပုံ -၁ လေးကို ဥပမာအနေနဲ့ကြည့်ပါ။
လူတွေဟာ ပိုမိုရှုပ်ထွေးတဲ့ အလုပ်တွေဖြစ်တဲ့ innovation တွေကိုပိုမို လုပ်ကိုင်လာကြပြီး နေ့စဥ်လုပ်ငန်းတွေက Change၊ Talent နဲ့
advancement တွေပါဝင်ဖို့ မဖြစ်မနေ လိုလာပါတယ်။ HR အနေနဲ့ အရင်တုန်းကလို Basic HR (အလုပ်ခန့်မယ်၊ လစာပေးမယ်) အပြင် Traditional HR ဖြစ်တဲ့ "Right people. Right Place. Right Time" ဆိုတာနဲ့အညီ လူခန့်မယ်၊ အရင်နှစ်က performance ကို appraisal လုပ်မယ်။ နောက်နှစ်အတွက် Objective တွေချမယ်၊ KPI နဲ့ skill gap ကိုကြည့်မယ် training တွေ ပေးမယ် ဆိုတဲ့ succession plan တွေလုပ်မယ်ဆိုတာနဲ့ မလုံလောက်တော့ပါဘူး။ ဒါတွေက Human Resource ကို စက်ယန္တယား အကြီး ကြီး တစ်ခု အနေနဲ့ အားလုံး အတွက်ချုံငုံပြီး ဆောင်ရွက် တာဟာ အချိန် အရမ်းကြာပြီး လူတွေကို system ရဲ့အနောက်မှထားတာက ပိုမိုရှုပ်ထွေးတဲ့ အလုပ်တွေကို ဖြေရှင်းနိုင်မှာမဟုတ်တော့ပါဘူး။
ဒါဆိုဘာတွေက အရေးကြီးနေလဲ ဆိုတော့ -
1. Diversity - pic 2
2. Trust & Recognition - pic 3
ဆိုတာ တွေကို ထည့်သွင်းစဥ်းစားဖို့ အရေးကြီးလာပါတယ်။
ဒီတော့ နှစ်ကုန် ဒါမှ မဟုတ် 6 လတစ်ခါ formal appraisal လုပ်တာထက်business culture အဖြစ် ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ ranking တွေ နံပတ်တွေအနောက်မှာ ဝန်ထမ်းတွေကို မထားဘဲနဲ့ အချိန်မှီ အချိန်မှန် feedback ကိုပေးတဲ့ culture တစ်ခုစတင်တည်ဆောက်ဖို့ပါဘဲ။
Pic -1, Automatic output ဖြစ်တဲ့ အလုပ်တွေ တော်တော်များများကို program နဲ့ robot တွေက အစားထိုးလာမှာပါ |
Pic-2 Diversity အလုပ်ခွင်ဖြစ်ချင်းဖြစ်ချင်းဟာ၊ ဝန်ထမ်းရဲ့ အားနည်းချက်ထက် သူ့ရဲ့ အားသာချက်တွေကို လေးစားခြင်းဖြင့် မတူညီတဲ့ ideas တွေ၊ innovation တွေကိုထုတ်ဖော်နိုင်ပါတယ်။ |
0 Comments