Performance Analysis

 

ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ကောင်းဖို့လိုအပ်နေတယ် ဆိုရင် ပထမဦးဆုံး စဉ်စားမိတာက တော့ သင်တန်းပေးဖို့၊ လေ့ကျင့်ခန်းတွေပေးဖို့ လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါတွေ ဟာ တကယ်တော့ ပို မို စွမ်းဆောင်ရည် ကောင်းဖို့ အတွက် လုံလောက်တဲ့ အဖြေမဟုတ်သေးပါဘူး။
ဒါဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်း စွမ်းဆောင်ရည် ကောင်းဖို့ အတွက် ဦးစွာအဖြေရှာဖို့ မေးခွန်း လေး ၂ ခုကို မေးဖို့လိုပါတယ်။
၁- ဝန်ထမ်းမှာ လုပ်ငန်းကျွမ်းကျင်မှု့နဲ့ လုပ်နိုင်စွမ်းတွေ ရှိလား။
၂- ဝန်ထမ်းမှာ တက်ကြွမှု့၊ သဘောထား ကရော စွမ်းဆာင်ရည်မြင့်လား။
ဒါကတော့ Performance Analysis Quadrant Tool လေးကို အသုံးပြုတာဘဲဖြစ်ပါတယ်။ အောက်ကပုံလေးကို ကြည့်နိုင်ပါတယ်။
အခြေခံအားဖြင့် ဖြေက -
Low/Low ဒါဆိုရင်တော့ ရွေးချယ်၊ ခန့်ထားရာမှာ လိုအပ်ချက်ရှိ နေတာပါဝန်ထမ်းက ရာထူးနဲ့ ကိုက်ညီမှု့ မရှိဘူးဆိုပြီး ကောက်ချက်ချ လို့ရပါတယ်။ ဝန်ထမ်းကို ရာထူးရွှေ့ဖို့ ဒါမှ မဟုတ် အစားထိုးဖို့ စဉ်းစားသင့်ပါတယ်။
High/High ဝန်ထမ်းက Job Knowledge, Skill ရှိတယ်၊ တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တယ်။ သူ့ဆီကနေ စွမ်းဆောင်ရည် ကောင်းတွေ ရဖို့အတွက် တော့ resource တွေထောက်ပံ့ဖို့ လိုအပ်နေတာ လို့ကောက်ချက်ချလို့ရပါတယ်။ Manager တယောက်အနေနဲ သူ့ကို management လုပ်တဲ့ပုံကိုယ့်ရဲ့ ဦးဆောင်တဲ့ပုံစံ၊ Culture တွေ က မကိုက်ညီတာလားဆို တဲ့ သူ့ကို ပံ့ပိုးနိုင်တဲ့ နည်းလမ်းတွေကို သုံးသပ်ပြီး စွမ်းဆောင်ရည် ပိုမို ကောင်းလာအောင် လုပ်နိုင်ပါတယ်။
Performance Analysis Quadrant Tool လေးကို internet မှာလည်း အလွယ်တကူ လေ့လာနိုင်ပါတယ်။
 

 

Post a Comment

0 Comments

Total Pageviews