အလုပ် ခေါ်စာ တခု ကိုတွေ့တယ် အလုပ် လျှောက်တော့မယ် ဆိုရင် ဘာတွေ အရင် လုပ်သင့်လဲ။

ကိုယ်က အလုပ်ခေါ်စာ တခုကို တွေ့ပြီဆိုတာနဲ့ အရင် ဆုံး Job Title ကိုကြည့်ပြီး အလယ်က ဖော်ပြထားတဲ့ Role & Responsibility တွေကို ကျော်ပြီး တခါတည်း တန်းပြီး email ပို့ တက်ကြပါတယ်။ အဲ့ဒါ မျိုး လုံးဝ မလုပ်သင့်ပါဘူး။


မငြိမ်း ဒီတခေါက် Recruitment လုပ်တဲ့ အချိန်မှာ တွေ့ရတဲ့ အမှားအများဆုံး ၅ ခုကို ပြောပြပါမယ်။

၁- ကိုယ်နဲ့ တက်တက် ဆင်အောင် မကိုက်တဲ့ အလုပ်ကို လျှောက်မိတာ။ Vacancy မှာ ခေါ်တာက M&E ဆို လျှောက်လိုက်ကြတဲ့ M&E တွေ ဒါပေမဲ့ ခေါ်တဲ့ M&E က Monitoring & Evaluation အတွက် ခေါ်တာ Mechanical and Electrical Services သမားတွေကို မှားလျှောက်ကြတာ မနဲ့ မနော်။

၂- အလုပ်ခေါ်စာထဲမှာ လိုချင်တာ က Programme Management ကို ပိုင်နိုင်တဲ့ လူ Cover Letter/ Motivation Letter မှာ ရေး ထားတာတွေက Hotel Booking, Travel Arrangement, Hospitality, Sales & Marketing အတွေ့အကြုံတွေ စသဖြင့် ကိုယ့် လုပ်ခဲ့ဘူးတာတွေကိုဘဲ ရေးထား တာတွေ။

၃- ကိုယ့်ရဲ့ JD တွေကို အပိုဒ်လိုက် ကူးထည့်ပြီး အပြုံ လိုက်ရေးထားတာတွေ

၄- အခု လက်ရှိ အလုပ်လုပ်နေတဲ့ ရုံး email တွေ သုံးပြီး လျှောက်တာ

၅- ဘယ်လိုဖတ် လို့ ဖတ်ရမှန်း မသိအောင် အပေါ်အောက် အရောင် တွေ စုံလင်ပြီး content မပါတဲ့ Resume Format ကို သုံးထားတာတွေ

ဒါတွေက ဖြစ်လေ့ရှိတဲ့ အမှားတွေမို့ အလုပ်မလျှောက်ခင် အလုပ်ခေါ်စာ ကို သေချာဖတ်ပြီး ဒီအလုပ်ခေါ်စာက ဘယ်လို အရည်အချင်းနဲ့ ဘာတွေ လုပ်တက်တဲ့ သူကိုခေါ်တာလဲ ဆိုတာ သေချာလေး ကိုယ်တိုင် နားလည်ပြီးမှ လျှောက်ဖို့ လိုပါတယ်။


Post a Comment

0 Comments